သင်ဟာသိုးလား?ဝက်လား?
သိုးတစ်ကောင်ဟာ
သွားရင်းလာရင်း
မထင်မှတ်ဘဲရွံ့အိုင်ထဲလဲကျသွားနိုင်ပါတယ်။ဒါပေမဲ့ရွံ့ထဲရောက်သွားတဲ့သိုးဟာရွံ့အိုင်ထဲမှာဘဲဆက်ပြီးပျော်မွေ့နေမှာမဟုတ်ပါဘူး။မရရအောင်ရုန်းထွက်ပြီးရွံ့နဲ့ဝေးရာအဝေးကိုရှောင်ထွက်သွားပါလိမ့်မယ်။
ဆိုလိုချင်တာက
စစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ဟာ၊လောကမှာအသက်ရှင်သွားလာနေချိန်၊တခါတလေအားနည်းပြီးအပြစ်ပြုမိနိုင်ပါတယ်။ဒါပေမဲ့အဲဒီအပြစ်ကိုပျော်ပျော်ကြီးဆက်လုပ်နေမှာတော့မဟုတ်ပါဘူး။နောင်တနဲ့ပြန်လာပြီးအပြစ်ကိုဝေးဝေးရှောင်တတ်သူဖြစ်ပါတယ်။
ဝက်တစ်ကောင်ဟာ
သွားရင်းလာရင်း
ရွှံ့ဗွက်ထဲလဲကျသွားနိုင်ပါတယ်။အမှန်ကလဲကျတယ်ဆိုတာထက်သူကိုယ်တိုင်ရွှံ့ဗွက်ရှိရာကိုလိုက်ရှာနေတာပါ။ဒီလိုရွှံ့ဗွက်ထဲရောက်ခဲ့ရင်
“အိုး၊အတော်ဘဲ၊ဒါမျိုးရှာနေတာ”ဆိုပြီးရွှံ့ဗွက်ထဲမှာအပျော်ကြီးပျော်နေမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဝက်ရဲ့ဗီဇကရွှံ့ဗွက်မှာလူးလိမ့်ရတာအတော်နှစ်သက်လို့ပါ။ဒါကြောင့်ဝက်မှန်နေရင်သူ့ကိုဘယ်လောက်ဘဲသန့်ရှင်းရေးလုပ်ပေးလုပ်ပေးရွံ့အိုင်တွေ့ရင်ဝင်လူးပျော်ရွှင်နေမှာပါ(၂ပေ၂:၂၂)။
ဆိုလိုချင်တာက
ကယ်တင်ခြင်းမရထားသူမှန်ရင်
ဘယ်လောက်ဘဲဘုရားတရားလုပ်ခိုင်းလုပ်ခိုင်း၊ခရစ်ယာန်နာမည်ဘယ်လောက်ဘဲခံထားခံထား၊အပြစ်ထဲကျရောက်ရင်တော့“ဒါမျိုးဘဲရှာနေတာ”ဆိုပြီးအပြစ်ထဲပျော်ရွှင်နှစ်သက်စွာဆက်တိုက်လုပ်ဆောင်နေပါလိမ့်မယ်။
ချစ်သောမိတ်ဆွေ
သင်ဟာသိုးလား?ဝက်လား?
အပြစ်ကိုနှစ်ခြိုက်စွာလုပ်ဆောင်နေတတ်သူလား?သို့မဟုတ်တခါတလေအားနည်းပြီးအပြစ်ပြုမိလို့စိတ်မသာငြီးတွားပြီးနောင်တရတတ်သူလား?မထင်မှတ်ဘဲအပြစ်ပြုမိတိုင်းမနှစ်မြို့မပျော်ရွှင်ဖြစ်ပြီးရှောင်တတ်နေရင်တော့သင်ဟာထာဝရအသက်စိတ်ချရသူဖြစ်ပါတယ်။ဒီလိုမဟုတ်ဘဲသင်ဟာယခုထိအပြစ်ကိုပျော်ပျော်ကြီးလုပ်နေသေးရင်သင်ကယ်တင်ခြင်းတောင်မသေချာသေးတဲ့သူဖြစ်နေတာမို့အချိန်မှီဆင်ခြင်လှည့်ပါ။
ရွှေကျမ်းချက်
၁ယော၃:၉ ဘုရားသခင်ထံမှပေါက်ဖွားလာသောသူမည်သူ၌မဆို ဘုရားသခင်၏မျိုးစေ့တည်နေသည်ဖြစ်၍ ထိုသူသည် အပြစ်ကိုပြုနေခြင်းမရှိ။ သူသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောကြောင့် အပြစ်ကိုဆက်၍မပြုနိုင်။(စံမီ)