အဓိကနှင့်သာမည
၁။စွံပလွန်ခက်လား?သံလွင်ခက်လား?မေတ္တာပန်းလား?အောင်ပန်းလား?ဆိုတဲ့ငြင်းခုန်မှုတွေကသာမညသာဖြစ်ပါတယ်။
အဓိကကခရစ်တော်မြည်းကလေးစီးပြီးဂျေရုစလင်ကိုဝင်လာခြင်းသည်ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်ဖြစ်ကြောင်းပါ။အာမင်။
၂။ချီဆောင်ခြင်းကဘေးဒဏ်ကြီးကာလရဲ့ရှေ့ဖြစ်တယ်၊အလယ်မှာကျမယ်၊အဆုံးမှာလာမယ်၊ပြီးမှဖြစ်မယ်၊မရှိဘူးစသဖြင့်ငြင်းခုန်ခြင်းဟာသာမညသာဖြစ်ပါတယ်။
အဓိက က ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ပြီး၊ကယ်တင်ခြင်းမုချသေချာထားရင်၊ချီဆောင်ခြင်းနဲ့ဘေးဒဏ်ကြီးကာလအချိန်ဘာမှမသိလဲပြဿနာမရှိပါ။
၃။ကယ်တင်ခြင်းဆုံးရှူံးနိုင်တယ်၊မဆုံးရှုံးနိုင်ဘူးစသဖြင့်ငြင်းခုန်ခြင်းဟာသာမညသာဖြစ်ပြီး၊ဘုရားကိုအမြဲယုံကြည်နာခံနေဖို့ကသာအဓိကဖြစ်ပါသည်။
၄။ယေရှုခရစ်တော်အသေခံတဲ့နေ့ရက်က ဗုဒ္ဓဟူးဖြစ်တယ်၊ကြာသပတေးဖြစ်တယ်၊သောကြာဖြစ်တယ်စသဖြင့်ငြင်းခုန်နေခြင်းက သာမညသာဖြစ်ပြီး၊ယေရှုခရစ်တော်ငါ့အပြစ်အတွက်တကယ်အသေခံသွားပြီဆိုတာယုံကြည်လက်ခံဖို့၊ပြန်လည်အောက်မေ့ဖို့သာအဓိကဖြစ်ပါတယ်။
၅။နှစ်ခြင်းမှမှန််တယ်၊ဖြန်းခြင်းမှမှန်တယ်၊လောင်းခြင်းမှမှန်တယ်စသဖြင့်ငြင်းခုန်နေခြင်းက သာမညသာဖြစ်ပြီး၊အဓိကတော့ ယေရှုခရစ်တော်ကိုဘုရားရှေ့၊လူရှေ့၊စာတန်ရှေ့မှာမိမိကယ်တင်ပိုင်ရှင်အဖြစ်ဝန်ခံကြွေးကြော်ခြင်းဘဲဖြစ်ပါတယ်။
၆။Easter Sundayမှားတယ်၊Resurrectionမှမှန်တယ်ဆိုတဲ့အခေါ်အဝေါ်ဆိုင်ရာငြင်းခုန်ခြင်းကသာမညသာဖြစ်ပြီး၊အဓိက ကယေရှုခရစ်တော်သင့်အတွက်ရှင်ပြန်ထမြောက်သွားပြီဆိုတာယုံကြည်လက်ခံဖို့ပါဘဲ။
သာမညအရာတွေဟာမလိုအပ်ဘူးမဆိုလိုပါ၊သာမန် နေရာသာထားသင့်ပါတယ်။သာမညအရာတွေကိုလေ့လာဆွေးနွေးတင်ပြလို့ရတယ်ဆိုပေမဲ့အဓိကအရာတွေတိမ်မြုပ်တဲ့အထိအ လေးပေးနေတယ်ဆိုရင်သတိထားသင့်ပါပြီ။ကိုယ်တိုင်ဆင်ခြင်နေတဲ့အရာပါ။