လူရှေ့တစ်မျိုးကွယ်ရာတစ်မျိုးအမှုတော်ဆောင်များ
၁။လူရှေ့ကတော့အချင်းချင်းချစ်ကြပါဟောပြီး၊ကွယ်ရာမှာတော့မိန်းမကိုကိုယ်ဝန်ပျက်ကျအောင်ရိုက်နက်နှိပ်စက်တတ်တဲ့အမှုတော်ဆောင်တစ်ချို့ရှိနေတယ်ဗျ။
၂။လူရှေ့မှာတော့အိမ်ထောင်ဖက်ကိုသစ္စာရှိရမယ်ဟောပြီး၊ကွယ်ရာမှာအိမ်ထောင်ကွဲပြီးနောက်တစ်ယောက်ယူ၊ဘုရားကျောင်းမှာပေါ်တင်မင်္ဂလာဆောင်သွားတဲ့အမှုတော်ဆောင်တစ်ချို့ရှိနေတယ်ဗျ။
၃။လူရှေ့မှာမတရားသောမေထုန်ရှောင်ပါဆိုပြီး၊မက်စင်ဂျာလိုင်းပေါ်မှာဆုတောင်းပေးသလိုလိုနဲ့ကလေးမတွေကိုအဝတ်ချွတ်ပြခိုင်းနေတဲ့အမှုတော်ဆောင်တစ်ချို့ရှိနေပြန်တယ်ဗျ။
၄။လူရှေ့ပလ္လင်ပေါ်မှာတော့ဂရုဏာမေတ္တာရှင်ကြီးဖြစ်ပြီး၊ကွယ်ရာမိသားစုအိမ်မှာတော့အာဏာရှင်လူဆိုးကြီးဖြစ်နေတဲ့သင်းအုပ်ဆရာတစ်ချို့တွေရှိနေတယ်ဗျ။
၅။လူရှေ့မှာတော့မိမိအိမ်ထောင်ဖက်ကိုချစ်ရမယ်လို့ ဟောပြောတတ်ပြီး၊ နောက်ကွယ်မှာတော့မယားငယ်ထားပြီးဖောက်ပြန်နေတဲ့ကျမ်းစာကျောင်းအုပ်ဆိုသူတွေလည်းရှိနေတယ်ဗျ(အပြစ်ဝန်ချပြီးမယားငယ်ဆီပြန်သွားခိုးစားနေတုန်း)။
၆။လူရှေ့မှာငွေမမက်ကြနဲ့လို့ဟောပြီး၊ကွယ်ရာမှာဘုရားကျောင်းမြေရောင်းစားပြီးတရားရုံးရင်ဆိုင်နေရတဲ့အမှုတော်ဆောင်တစ်ချို့လည်းရှိသဗျ။
၇။လူရှေ့မှာတော့ကတိတည်ရမယ်လို့ဟောပြောပြီး၊ကွယ်ရာမှာ တော့ဘုရားကျောင်းဆောက်ကျသင့်ငွေကိုကတိအတိုင်းမပေးဘဲမျက်နာပြောင်တိုက်ပြီးနေတဲ့အမှုတော် ဆောင်လည်းရှိနေသတဲ့ဗျ။
၈။ခရစ်တော်၌ညီကိုမောင်နှမပါဘဲလို့ဟောပြီး၊ဂိုဏ်းဂဏမတူသူတွေကိုရန်သူလို့သတ်မှတ်နင်ထုတ်တဲ့အမှုတော် ဆောင်ရှိသလို၊ငါတို့ဂိုဏ်းထဲဝင်မှကယ်တင်ခြင်းရမယ်ဆိုပြီးသိုးခိုးတဲ့အမှုတော်ဆောင်တွေလည်းရှိနေတယ်ဗျ။
၉။လူရှေ့မှာတော့မတရားသောစီးပွားမလုပ်ရဘူးလို့ဟောပြောသွန်သင်ပြီး၊ကွယ်ရာမှာတော့ကိုယ့်သားသမီးကိုကျားဖြန့်(လိမ်လည်စီပွား)လုပ်ငန်းသွားလုပ်ခိုင်းတဲ့အမှုတော်ဆောင်တွေလည်းရှိနေသတဲ့ဗျ။
၁၀။လူရှေ့မှာတော့…..ကွယ်ရာမှာတော့….ရေးရင်း
ကျွန်တော်လည်းအဲလိုဖြစ်နေလားလို့ဆင်ခြင်ရင်း
မစုံလင်မှုရှိပေမဲ့လည်း“လူတိုင်းမစုံလင်နိုင်ပါဘူးကွာ”ဆိုတဲ့အကြောင်းပြချက်နဲ့လဲမကျသွားဖို့ဝိညာဉ်တော်မစပါဘုရား။အာမင်။
ဖတ်ရှုနေသောယုံကြည်သူများ
အမှုတော်ဆောင်ဆိုတိုင်းအကုန်ဘုရားလူဘဲလိုမခံယူစေချင်ပါ။သမ္မာတရားနဲ့ပိုင်းခြားလျက်၊ကျမ်းစာကိုလွန်ပြီးလူကိုရိုသေတာမျိုးမဖြစ်မိပါစေနဲ့။(၁ကော၄:၆ ကျမ်းစာကိုလွန်၍ သူတစ်ပါးကို မရိုသေအပ်)
အမြဲတမ်းဆင်ခြင်မိသောကျမ်းချက်
ရောမ၂:၁၉-၂၄သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော?သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော?သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော?ရုပ်တုကိုစက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော?ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော?အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့်အညီ၊ တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။