သေပြီးတဲ့သူတွေအတွက်ဆုတောင်းပေးလို့ရလားတဲ့?
အကြောင်းရင်းအမျိုးမျိုးကြောင့်သေသွားတဲ့သူတွေ၊(သို့မဟုတ်)သေပြီးသွားတဲ့မိသားစုဝင်ရဲ့သင်္ချိုင်းပြင်တဲ့အချိန်၊ယုံကြည်သူတွေသေပြီးတဲ့သူတွေအတွက်ဆုတောင်းပေးလို့ရလား?အဖြေကတော့…
၁။တောင်းလို့မရဘူးလို့ကျမ်းစာကတားမြစ်ထားတာမရှိပါဘူး၊ဒါပေမဲ့သေသူအတွက်ဆုတောင်းပေးပါလို့လည်းကျမ်းစာကသွန်သင်ချက်မရှိပါ။
၂။ကျမ်းစာအရသေချာတာတခုကတော့
သေသူအတွက်ဆုတောင်းတာဟာလုံးဝ(လုံးဝ)ပြည့်စုံမှာမဟုတ်သလိုဘုရားလဲနားညောင်းမှာမဟုတ်ဘူး။(မဟုတ်ရင်မယုံကြည်ဘဲသေသွားသူကိုဆုတောင်းပေးပြီးကယ်တင်ခြင်းပြန်ရစေနိုင်ရင်ယနေ့ဧဝံဂေလိတောင်လုပ်စရာမလိုတော့ဘူး။ထိုင်ပြီးဆုတောင်းပေးနေရုံဘဲမဟုတ်လား။)
၃။ဒါကြောင့်ချုပ်ပြီးပြောရရင်သေသူအတွက်ဆုတောင်းတာအပြစ်မရှိပေမဲ့ဘာမှမထူးဘူးဆိုတာသိထားရပါမယ်။အသက်ရှင်နေသူအတွက်နှစ်သိမ့်မှုတခုသာဖြစ်ပါတယ်။
ဥပမာ-သေသူအတွက်
ကောင်းရာသုဂတိလားပါစေတို့၊
R.I.Pဆိုတဲ့ငြိမ်းချမ်းစွာအနားယူပါတို့၊
သေသူဝိညာဉ်ကိုဘုရားသနားပါတို့…ဆိုတာမျိုးက
သေသူအတွက်ဆုတောင်းပေးခြင်းပါဘဲ။
ဒါကအပြစ်မရှိပေမဲ့အဲလိုဆုတောင်းလိုက်လို့သေသူတိုင်းကကောင်းရာမရောက်နိုင်သလို၊မငြိမ်းချမ်းနိုင်ပါဘူး၊အသက်ရှင်တုန်းကယ်တင်ခြင်းမရခဲ့ဘဲသေပြီးသူကိုဘုရားရဲ့သနားခြင်းမသက်ရောက်နိုင်တော့တာမို့ပါ(လုကာ၁၆:၁၉-၃၁)။
ဒါကြောင့်သေသူအတွက်ဆုတောင်းပေးတယ်ဆိုတာတွေဟာသေသူရဲ့မိသားစုဝင်အတွက်နှစ်သိမ့်စကားများသာဖြစ်ပါတယ်။နားလည်ပါစေ။
ဝိညာဉ်တော်အလင်းပေးပါစေ။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/23955680937389447/