မေး-ဖာရိရှဲလူမျိုးဆိုတာဘာလဲ?
ဖြေ-ဂရိဘာသာစကားလုံးဖြစ်တဲ့Pharisaios(Φαρισαῖος)ကနေအသံထွက်ယူထားတဲ့အခေါ်အဝေါ်ပါ။အဓိပ္ပာယ်ကသီးခြားခွဲနေကြသူများလို့သက်ရောက်ပါတယ်။ကနဦးစကားလုံးကဟေဘရူးလိုפרושים(ဖောရှင်မ်)ခွဲခွာသူဆိုတဲ့စကားလုံးကနေဆင်းသက်လာတာပါ။ဘာသာရေးကိုအေးအေးဆေးဆေးနဲ့လိုက်စားလို့ရအောင်ဆိုပြီးရှုပ်ထွေးနေတဲ့လူထုကြားကနေထွက်ခွာပြီးသီးသန့်နေထိုင်သူတွေဖြစ်ပါတယ်။ဒီအဖွဲ့စည်းဟာသမ္မာဟောင်းကဧဇရခေတ်ကတည်းကစတင်ပေါ်ပေါက်နေပြီလို့ကျမ်းပညာရှင်တွေဆိုထားပါတယ်၊နောက်ပိုင်းယေရှုခရစ်တော်ခေတ်ကာလမှာတော့ပိုမိုထင်ရှားပေါ်လွင်ပြီး၊ဘာသာရေးအာဏာရအဖွဲ့စည်းတခုအဖြစ်အခိုင်အမာရပ်တည်နေတာဓမ္မသစ်ကျမ်းမှာတွေ့ရမှာပါ။ဒီအဖွဲ့စည်းထဲတမန်တော်တဦးဖြစ်တဲ့ရှင်ပေါလုတောင်ပါဝင်ခဲ့ပါသေးတယ်၊နောက်ပိုင်းပြောင်းလဲလာခဲ့လို့တပါးအမျိုးသားတွေရဲ့တမန်တော်ဖြစ်လာခဲ့တာပါ။ဖာရိရှဲအဖွဲ့အစည်းဟာနဂိုဦးတည်ချက်ကမှန်ကန်ပေမယ့်ကြာလာတော့ဦးတည်ချက်ပျောက်ပြီးဘာသာရေးဟန်ဆောင်ကိုင်းရှိုင်းသူအဖြစ်သာ(အရေခွံဘဲရှိသူ)ဖြစ်လာပါတော့တယ်။ဒါကြောင့်ယေရှုခရစ်တော်ကသူတို့ရဲ့အမှားကိုလူရှေ့သူရှေ့ထောက်ပြဝေဖန်ခဲ့တာပါ။
Ye Ming(ပတ္တမြားမြေ)