ကျားကိုက်သွားသောခရစ်ဟာန်
တခါက…
အလွန်ကြိုးစားပြီးအပြောကောင်းတဲ့ဓမ္မဆရာတဦးရှိပါသတဲ့။တနေ့တော့၊တောတစ်နေရာကိုကျော်ဖြတ်ရင်းကျားကိုက်ခံရလို့ကျားစာဖြစ်သွားတာပေါ့။ဒါနဲ့သေပြီးသူ့ဝိညာဉ်ကမကျေနပ်ဘူး၊ဘုရားအတွက်ဒီလောက်လုပ်နေတာဘာလို့ကျားကိုက်ခံရသလဲပေါ့၊ဒါမတရားဘူးပေါ့။ဒါနဲ့ဘုရားဆီရောက်သွားပြီးမေးတယ်၊
ဘုရားက:“ကျားကဘာလို့ကိုက်သလဲဆိုတာကျားကိုငါတို့အတူတူသွားမေးကြည့်ရအောင်”
ဒါနဲ့ဘုရားကလူ့ဝိညာဉ်ကိုကျားဆီခေါ်သွားပြီးကျားကိုမေးသတဲ့…“ကျားကြီး၊မင်းကိုငါမှာထားတယ်လေ၊ငါ့အတွက်ပေးဆပ်တဲ့သူမှန်သမျှမသတ်စားဖို့ပညတ်ထားတာမေ့သွားတာလား?”
ကျားကြီးကလည်း:“ဘုရားသခင်၊ကျနော်မျိုးမမေ့ပါဘူး၊ဘုရားနဲ့သက်ဆိုင်တာမှန်သမျှကျနော်မျိုးမစားပါ”…ဆိုရင်းသိမ်းထားတဲ့နူတ်ခမ်း(ပါးစပ်)ယူထုတ်ပြပြီး…“ဘုရားသခင်၊ကျနော်မျိုးသေချာစစ်ဆေးပြီးပါပြီ၊ဒီမှာကြည့်ပါ၊ဒီလူတကိုယ်လုံးဘုရားအတွက်ဆိုလို့ပါးစပ်တခုဘဲရှိပါတယ်၊ဒါကြောင့်ပါးစပ်ကိုချန်ပြီးအားလုံးစားလိုက်တာပါ”ဟူဤပင်။ဘုရားသခင်မှလူ့ဘက်လှည့်ပြီး…“အိုလူသားသင်ဘာမေးခွန်းရှိသေးလဲ?ဘာမကျေနပ်တာရှိသေးလဲ?”မေးလိုက်တော့….လူသားမှအလွန်မျက်နာပျက်ပြီး၊ခေါင်းငြိမ့်လျက်ထွက်သွားပါတော့သည်။
ချစ်သောမိတ်ဆွေ…
ကျနော်ကျမတို့လည်းဤပုံဥပမာအားဖြင့်ဆင်ခြင်ကြည့်ပါ။ယနေ့သင့်တကိုယ်လုံးဘုရားသခင်အတွက်ဖြစ်နေပြီလော?သို့မဟုတ်ဘယ်နေရာတွေကဘုရားအတွက်မဆပ်ကပ်နိုင်အချိန်မပေးနိုင်သေးသလဲ?
ကျမ်းချက်
ေရာမဩဝါဒစာ ၁၂:၁
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
May GOD Bless You