• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဝိညာဉ်ရေးမှာဒီလူတွေကိုရှောင်ပါ

ဆရာရဲမင်း

11 月 16, 2024

ဝိညာဉ်ရေးမှာဒီလူတွေကိုရှောင်ပါ

၁။ဘုရားစကားဖြစ်တဲ့သမ္မာကျမ်းစာကို‌ သေချာမလေ့လာဘဲ၊ယုန်မြင်ကြောင်မြင်နေတတ်တဲ့“ပရောဖက်”ပါဆိုတဲ့သူတိုင်းကိုရှောင်ပါ။ငါ့ပရောဖက်ကိုထိရင်ဓားကြည့်ဆိုတဲ့ပရောဖက်နောက်လိုက်တွေကိုလည်းရှောင်ပါ။(မဿဲ၇:၁၅၊ဗျာ၂၂:၁၈-၁၉)

၂။ငါကခရစ်တော်ရွှေးကောက်တဲ့“တမန်တော်”ပါဆိုပြီးမိမိနာမည်‌ ရှေ့မှာတမန်တော်ဘယ်သူဘယ်ဝါဆိုပြီးထည့်တတ်တဲ့ရာထူးခံတရားဟောဆရာတချို့ကိုရှောင်ပါ။(တမန်၁:၂၂၊၁၀:၄၁)

၃။ဝိညာဥ်ရေးရာအားကြီးသလိုလိုနဲ့ဆုတောင်းရင်ဘာမှန်းမသိတဲ့“အပါရှာလာလာလာလာ”အနက်ပြန်ခြင်းမရှိဘဲအများရှေ့အမြဲပြောတတ်သူတွေ၊တရားဟောဆရာဖူးမုတ်လိုက်ရင်နောက်ပစ်လဲကျအကြောစွဲခိုင်းတဲ့လူတွေ၊အားနေရင်ငွေပွားနိမိတ်လုပ်နေသူတွေကိုရှောင်ပါ။(၁ကော၁၄:၂၇-၂၈)

၄။ယေရှုနဲ့ခရစ်တော်မတူဘူးဆိုပြီးခွဲခြမ်းစိတ်ဖြာသွန်သင်နေတတ်ကြတဲ့အမှုတော်ဆောင်တွေနဲ့ဝေးဝေးရှောင်ပါ။(၁ယော၂:၂၂)

၅။ယေရှုဟာတရုတ်မပါဆိုပြီးဂရုထဲအတင်းစွဲထည့်တရားဟောခံနေရရင်ကိုယ့်ကိုဂရုထဲစွဲထည့်သူကိုအမြန်ဘလော့ပါ။ဝေးဝေးရှောင်ပါ။(လုကာ၂၁:၈)

၆။အကောက်လာအပ်ပြီး၊ယေရှုခရစ်ဟာဘုရားမဟုတ်ပါဘူး၊ယေဟောဝါသာဘုရားပါလို့၊မူရင်းကျမ်းတွေဘာတွေလာချပြပြီးလာလာမြူဆွယ်နေတတ်တဲ့ ယေဟောဝါသက်သေခံတွေကိုရှောင်ပါ။(မဿဲ၂၈:၁၉၊ယော၁၀:၃၀)

၇။ဥပုသ်နေ့ဟာစနေနေ့မို့ယနေ့ခရစ်ယာန်တွေလည်းစနေဥပုသ်စောင့်ရမယ်၊ပညတ်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်လို့လာလာငြင်းခုန်နေတတ်တဲ့သတ္တမနေ့အသင်းသားနဲ့ဆရာ/မ တွေကိုရှောင်ပါ။(ကောလောသဲ၂:၁၆-၁၇၊ရောမ‌၁၄:၅)

၈။အပြစ်ပြုမိရင်တောင်းပန်စရာမလိုတော့ဘူးဆိုပြီးသွန်သင်လာတတ်တဲ့ဂွတ်နယူးဂျင်းတွေကိုဝေးဝေးရှောင်ပါ။(၁ယော၁:၈-၁၀)

၉။ကျန်းမာချမ်းသာတရားတွေသာဟောပြီးခရစ်ယာန်အသက်တာရဲ့ပေးဆပ်မှုကိုလုံးဝမဟကြတဲ့ကျန်းမာချမ်းသာဂျင်းတရားဟောဆရာတွေကိုဝေးဝေးရှောင်ပါ။(ယော၁၆:၃၃)

၁၀။အဆဲပလူပျံနေတတ်တဲ့အမှုတော်ဆောင်တွေကိုဝေးဝေးရှောင်ပါ။(ဧဖက်၄:၂၉)

၁၁။ဘုရားအမေဘာညာဆိုပြီးဝေစာဝေ၊အိမ်အထိလာတရားဟောလာရင်အမြန်မောင်းထုတ်လိုက်ပါ။ဝေးဝေးရှောင်ပါ။(၂ယော၁:၁၀)

၁၂။သေရွာပြန်ဆိုပြီးကောင်းကင်ရောက်ဘူးတယ်ငရဲလဲရောက်ဖူးတယ်လို့သက်သေလာခံသူ တွေကိုအထူးသတိထားပါ။ရှောင်ရင်ပိုမှန်ပါလိမ့်မယ်။(လုကာ၁၆:၂၇-၃၁)

၁၃။ဖာရိရှဲတွေလိုအပြင်လှအတွင်းပုတ်‌နေတတ်တဲ့၊ဟန်ဆောင်ကောင်းတဲ့လုပ်စား၊ပြစား၊ချစား၊လိမ်စား၊‌ ဟောက်စား၊‌ချော့စားအမှုတော်ဆောင်တွေကိုဝေးဝေးကြီးကရှောင်ပါ။(မဿဲ၂၃:၁၃-၂၉)

၁၄။ငှက်ကမွေးရင်ငှက်၊ဝက်ကမွေးရင်ဝက်၊ဘုရားက မွေးရင်ဘုရားတွေပါဘဲလို့ခံယူ‌ဟောကြားသူတွေ၊ယုံကြည်သူတိုင်းဟာဘုရားလေးတွေပါလို့ခံယူဟောကြားနေတဲ့သူတွေကိုရှောင်ပါ။

အထက်ပါအမှားတွေကိုမေတ္တာနဲ့သတိပေးရှင်းပြလဲလက်မခံသူ၊လူတွေကိုမစီရင်နဲ့ဆိုပြီးပြန်ပြောချင်ရင်သူတွေရှိရင်ကျနော့်ကိုဘဲတခါထဲဘလော့လိုက်ပါ။ကျ‌နော့ကိုဝေးဝေးရှောင်ပါ။