• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုကားတိုင်မတက်ခင်ကတည်းကခရစ်တော်ဖြစ်ကြောင်းကျမ်းချက်များ

ဆရာရဲမင်း

11 月 19, 2024

ယေရှုကားတိုင်မတက်ခင်ကတည်းကခရစ်တော်ဖြစ်ကြောင်းကျမ်းချက်များ

ယေရှုကလူသာဖြစ်ပြီး၊ကားတိုင်ပေါ်အသေခံပြီးမှဘဲခရစ်တော်(ဘုရား)ဖြစ်သွားတာပါလို့မှားယွင်းတဲ့သွန်သင်မှုကိုယုံကြည်သူတွေဇဝေဇဝါမဖြစ်အောင်ကျမ်းချက်တချို့နဲ့ချပြ‌ပါမယ်။

၁။မဿဲ၂:၄ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ “ခ​ရစ်​တော်​”ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။

၂။လုကာ၂:၁၁ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​“ခ​ရစ်​တော်​”တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။

၃။မဿဲ၁၁:၂ “ခ​ရစ်​တော်​”ပြု​တော်​မူ​သော အ​မှု​တို့​ကို ယော​ဟန်​သည် ထောင်​ထဲ​မှာ ကြား​သော​အ​ခါ၊ မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။

၄။မဿဲ၁၆:၁၅-၁၆ ယေရှုက-သင်​တို့​လည်း ငါ့​ကို အ​ဘယ်​သူ​ဖြစ်​သည် ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊ရှိ​မုန်​ပေ​တ​ရု​က၊ ကိုယ်​တော်​သည် “ခ​ရစ်​တော်​”တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ဟု လျှောက်​လေ၏။

၅။မဿဲ၁၆:၂၀ ကိုယ်​တော်​သည် “ခ​ရစ်​တော်​”ဖြစ်​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စိမ့်​သော​ငှာ တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။

၆။မဿဲ၂၂:၄၁-၄၂ဖာ​ရိ​ရှဲ​တို့​သည် စု​ဝေး၍​နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ သင်​တို့​သည် “ခ​ရစ်​တော်​”ကို အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။အ​ဘယ်​သူ၏ သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​…။

၇။မဿဲ၂၆:၆၃-၆၄ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် “ခ​ရစ်​တော်​”တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။

၈။လုကာ၂:၂၆-၂၉သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ “ခ​ရစ်​တော်​”ကို​မ​မြင်​မီ မ​သေ​ရ​ဟု ဗျာ​ဒိတ်​တော်​ကို​ရ၏။- ထို​အ​ခါ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဗိ​မာန်​တော်​သို့​သွား၍၊ မိ​ဘ​တို့​သည် သူ​ငယ်​ယေ​ရှု​ကို ပ​ညတ်​တ​ရား​ထုံး​တမ်း​အ​တိုင်း ပြု​ခြင်း​ငှာ ဆောင်​သွား​စဉ်​တွင်၊- ရှု​မောင်​သည် ယေ​ရှု​ကို လက်​နှင့်​ချီ​ပိုက်၍၊ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေ့​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။

၉။ယောဟန်၁:၄၁:၄၂ ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိယကိုတွေ့ကြပြီဟု ပြောဆိုလျက်၊သူ့​ကိုယေ​ရှု​ထံ​သို့ ပို့​ဆောင်​လေ၏။ မေ​ရှိ​ယ​အ​နက်​ကား “ခ​ရစ်​တော်​”ဟု​ဆို​လို​သ​တည်း။

၁၀။ယောဟန်၁၁:၂၇ကိုယ်​တော်​သည် “ခ​ရစ်​တော်​”တည်း​ဟူ​သော ဤ​လော​က​သို့​ကြွ​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို ကျွန်​မ​ယုံ​ပါ​သည်​ဟု လျှောက်၏။

၁၁။ယောဟန်၂၀:၃၁ ယေ​ရှု​သည် “ခ​ရစ်​တော်​”တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။

၁၂။ရောမ၅:၆ ငါ​တို့​သည် အ​ကျိုး​နည်း​ရှိ​စဉ်​တွင် အ​ချိန်​တန်​မှ “ခ​ရစ်​တော်​”သည် မ​တ​ရား​သော​သူ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ၏။…..ငါ​တို့​သည် အ​ပြစ်​ရှိ​စဉ်​ပင်၊ “ခ​ရစ်​တော်​”သည် ငါ​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ငါ​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မူ၏။

၁၃။ဂလာတိ၃:၁၆ က​တိ​တော်​တို့​ကို အာ​ဗြ​ဟံ​နှင့် သူ၏​အ​မျိုး​အ​နွယ်၌ ထား​တော်​မူ၏။ အ​မျိုး​အ​နွယ်​တို့​ဟု အ​များ​သော​သူ တို့​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​မ​ဟုတ်။ သင်၏ အ​မျိုး​အ​နွယ်​ဟု တစ်​ယောက်​သော​သူ​ကို ရည်​မှတ်၍ မိန့်​တော်​မူ၏။ ထို​တစ်​ယောက်​သော​သူ​ကား “ခ​ရစ်​တော်​”ဖြစ်​သ​တည်း။

၁၄။ဖိလိပ္ပိ၂:၅-၆“ယေ​ရှု​ခ​ရစ်”၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။- ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊- မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။

၁၅။၁တိ၁:၁၅ “ယေ​ရှု​ခ​ရစ်​”သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။ အ​ပြစ်​ရှိ​သော သူ​တို့​တွင် ငါ​သည် အ​ကြီး​ဆုံး​ဖြစ်၏။

၁၆။၁တိ၂:၅ ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ဘု​ရား​သ​ခင်​နှင့် လူ​တို့၏ စပ်​ကြား​မှာ၊ လူ​ဖြစ်​သော “ယေ​ရှု​ခ​ရစ်​”တည်း​ဟူ​သော အာ​မ​ခံ​တစ်​ဦး​တည်း​ရှိ၏။

၁၇။၁‌ ယော၂:၂၂မု​သား​ကို​သုံး​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ယေ​ရှု​သည် “ခ​ရစ်​တော်​”မ​ဟုတ်​ဟု ငြင်း​ပယ်​သော​သူ ဖြစ်​သ​တည်း။ ခ​မည်း​တော်​နှင့် သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် အ​န္တိ​ခ​ရစ်​ဖြစ်၏။

၁၈။၁ယော၅:၁ဘု​ရာယေရှုသည် “ခရစ်တော်”ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။

၁၉။၂‌ ယော၁:၇လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော “ယေ​ရှု​ခ​ရစ်​”ကို ငြင်း​ပယ်​လျက်၊ လှည့်​ဖြား​သော​သူ​အ​များ​တို့​သည် လော​က​ထဲ​သို့​ဝင်​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ ဖြစ်၏။ အ​န္တိ​ခ​ရစ်​လည်း ဖြစ်၏။

၂၀။ဟေရှာ၉:၆အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ “သူ​ငယ်​”ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​ကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​“ဘု​ရား​သ​ခင်”၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

အထက်ပါကျမ်းချက်များဟာယေရှုခရစ်တော်ကားတိုင်ပေါ်မတက်ခင်ကတည်းကခရစ်တော်ဘုရားဖြစ်ကြောင်းတိကျရှင်းလင်းစွာဖော်ပြထားခြင်းဖြစ်ပါတယ်။
ဆရာစွဲရင်ဝိညာဉ်အလင်းကွယ်နိုင်တာမို့ဆရာတွေပြောတာထက်(ဆရာ တွေရဲ့သွန်သင်ချက်ဟာကျမ်းစာနဲ့မကိုက်ညီရင်)သမ္မာကျမ်းစာပြောတာကိုဘဲယုံကြည်ပါ။

ဒါဆိုရင်တမန်၂:၃၆ မှာ ပြောတဲ့“လက်​ဝါး​ကပ်​တိုင်​မှာကွပ်​မျက်​သော​ယေ​ရှု​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း၊အ​စိုး​ရ​သောအ​ရှင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သည်​”ဆိုတာက‌ကော?အဖြေကရှင်းပါတယ်- ယေရှုခရစ်ရဲ့ကားတိုင်ပေါ်အသေခံခြင်းနဲ့ထမြောက်ခြင်းကယေရှုဟာခရစ်တော်ဘဲဖြစ်ကြောင်းဂျူးလူမျိုးကိုသက်သေဖြစ်တည်စေခြင်းပါ။အဲဒါကိုပေတရုကသက်သေခံနေတာပါ။ကျမ်းချက်ရဲ့အသွားအလာကိုသတိပြုပါ၊ကားတိုင်ပေါ်အသေခံပြီးမှဘဲခရစ်တော်အရာရတာပါလို့မ‌ ပြောထားပါဘူး၊နဂိုကတည်းကခရစ်တော်ဘုရားဖြစ်နေတာကိုဂျူးတွေကမယုံကြည်လို့အသေခံထမြောက်ပြီးမှဒါကိုပေတရုကသက်သေခံပြတာပါ။ဒါ‌ ကြောင့်ယေရှုအသေခံထမြောက်မှဘဲခရစ်တော်အရာရသွားတာမဟုတ်ပါဘူး၊အသေခံထမြောက်ခြင်းကယေရှုဟာခရစ်တော်ဘဲဖြစ်ကြောင်းသက်သေထူခြင်းသာဖြစ်ပါတယ်။