• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဥပုသ်နေ့နှင့်သခင်ဘုရားနေ့ကွာခြားချက်(၇)ချက်

ဆရာရဲမင်း

5 月 16, 2025

ဥပုသ်နေ့နှင့်သခင်ဘုရားနေ့ကွာခြားချက်(၇)ချက်

၁။ဓမ္မဟောင်းဥပုသ်နေ့ကတပတ်ရဲ့ခုနှစ်ရက်မြောက်သတ္တမ‌နေ့-စနေနေ့ဖြစ်တယ်(တရားဟောရာ၅:၁၄)။
သခင်ဘုရားနေ့ကတော့တပတ်ရဲ့ပထမနေ့-တနင်္ဂနွေနေ့ပါ(မာကု၁၆:၉)။

၂။ဥပုသ်နေ့က သောကြာနေ့ည နေဝင်တာနဲ့ဥပုသ်‌နေ့လို့စတွက်ပြီး၊စနေနေ့ည နေဝင်တဲ့အချိန်မှာအဆုံးသတ်ပါတယ်(ဝတ်ပြု၂၃:၃၂)။သခင်ဘုရားနေ့ကတော့ ဥပုသ်နေ့လိုအတိအကျ စောင့်စရာမလိုတဲ့အတွက်ကျမ်းစာလိုကော/ရောမလိုနဲ့ပါ(မနက်ည၂၄နာရီတစ်ရက်)ဘယ်တခုနဲ့ဘဲတွက်ယူယူပြဿနာမရှိပါ။

၃။ဥပုသ်နေ့ကဖန်ဆင်းခြင်းပြီးလို့ဘုရားအနားယူတယ်(ကမ္ဘာ၂:၂)။သခင်ဘုရားနေ့ကတော့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအောက်မေ့ပြီးယုံကြည်သူတွေစည်းဝေးဝတ်ပြုကြပါတယ်(တမန်၂၀:၇)။

၄။ဥပုသ်နေ့ကဂျူးဘိုးဘေးတွေအီဂျစ်ကနေလွတ်မြောက်တာကိုအ‌ကြောင်းပြုပြီးဂျူးလူမျိုးတိုင်းယနေ့တိုင်စောင့်ထိန်းရပါတယ်(တရားဟောရာ၅:၁၅)။သခင်ဘုရားနေ့ကတော့ယေရှုခရစ်ကြောင့်အပြစ်ကနေလွတ်မြောက်လာသူတိုင်းစုဝေးတဲ့နေ့ဖြစ်လာပါတယ်(၁ကော၁၆:၂)။

၅။ဥပုသ်နေ့ကကျမ်းဟောင်းမှာမစောင့်မရဆိုတဲ့ဘုရားအမိန့်ဖြစ်ပြီးဂျူးလူမျိုးတိုင်းစောင့်ထိန်းခဲ့ကြရတယ်(ထွက်၃၁:၁၄)။သခင်ဘုရားနေ့ကတော့တမန်တော်ခေတ်ကာလကနေစပြီးစုဝေးဝတ်ပြုတဲ့နေ့အဖြစ်ပြုလုပ်ခဲ့ကြပြီးဥပုသ်နေ့လိုမျိုးဘာမှမလုပ်ရဆိုတဲ့ပညတ်ချက်မရှိပါ။

၆။ဓမ္မသစ်ကာလမှာတပါးအမျိုးသားကနေယုံကြည်သူဖြစ်လာတဲ့သူတိုင်းကို စနေဥပုသ်စောင့်ဖို့သွန်သင်ထားခြင်းမရှိသလိုပညတ်လည်းမရှိထားတော့ပါ။သတိထားရမှာကသခင်ဘုရားနေ့(တနင်္ဂနွေနေ့)ကိုလည်းစနေဥပုသ်နေ့လိုစောင့်ရမယ်လို့ကျမ်းစာဘယ်နေရာမှာမှမတွေ့ရပြန်ပါဘူး။ဒါကြောင့်နေ့ရက်ကိုစောင့်တာမဟုတ်ဘဲခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအောက်မေ့သောအားဖြင့်စုဝေးကြခြင်းသာဖြစ်ကြောင်းနားလည်ထားရပါမယ်။

၇။တနင်္ဂနွေနေ့ကိုဥပုသ်နေ့လို့ခေါ်ရင်မြန်မာစကားလုံးအရသုံးလို့ရပေမဲ့-ကျမ်းစာအရမှားနေတာသတိပြုရပါမယ်။ကျမ်းဟောင်းအရဥပုသ်‌နေ့ဟာစ‌နေနေ့သာဖြစ်တယ်။ဒါကြောင့်တနင်္ဂနွေနေ့ကိုသခင်ဘုရားနေ့လို့သာအသုံးပြုသင့်ပါပေတယ်(ဗျာ၁:၁၀)။

ဆရာရဲမင်းရေးခဲ့ပြီးသောဆက်စပ်အကြောင်းအရာများဖတ်ရန်
၁။ဓမ္မသစ်ယုံကြည်သူများသတ္တမနေ့စနေဥပုသ်စောင့်ဖို့လိုသေးလား
https://www.facebook.com/100001226263944/posts/1662996027084590/

၂။ဓမ္မသစ်ယုံကြည်သူတွေရှောင်ရမဲ့အသားရှိပါသလား
https://www.facebook.com/100001226263944/posts/1594124720638388/

၃။ခရစ်တော်အားဖြင့်ကျမ်းဟောင်းပညတ်ပြည့်စုံခဲ့ခြင်း
https://www.facebook.com/100001226263944/posts/9088760747841377/

၄။တနင်္ဂနွေစုဝေးရခြင်းကျမ်းစာအခြေခံ
https://www.facebook.com/100001226263944/posts/9059009844149801/

၅။တမန်တော်တွေပုံမှန်စည်းဝေးခဲ့တဲ့တနင်္ဂနွေ
https://www.facebook.com/100001226263944/posts/9078974462153339/
မူရင်း-ဆရာရဲမင်း